Wednesday, 2026-07-15, 1:33 PM
Nang Way

 Blog

Site menu
Login form
Calendar
«  July 2026  »
Su Mo Tu We Th Fr Sa
   1234
567891011
12131415161718
19202122232425
262728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Tag Board

Views: 811 | Added by: sweetymelody | Date: 2008-12-18 | Comments (0)

ငယ်ငယ်တုန်းက ကျွန်မတို့ကို အဘွားပြောပြဖူးတဲ့ ဘာသာစကားကြောင့် ဖြစ်ရတဲ့ အလွဲလေးတစ်ခုကို share ချင်လို့ပါ...

အဘွားကိုယ်တိုင်လည်း မြန်မာစကားကို လေးလုံးကွဲအောင်တော့ မပြောတတ်ပါဘူး... :)
ဒါပေမယ့် အဘွားပြောတာကို နားထောင်ပြီးတော့ ရယ်ရတာပေါ့နော်
ဒီပုံပြင်လေးကို တစ်ယောက်က ရေးဖူးတော့ ရယ်စရာစာစောင်မှာတော့ တစ်ခါပါဖူးပါတယ်...

တစ်ခါတုန်းက ရှမ်းပြည်ဘက်က ရှမ်းတိုင်းရင်းသားတချို့ အုပ်စုလိုက် အထက်မြန်မာပြည်ဘက်ကို ရထားနဲ့ ဘုရားဖူးခရီးထွက်ကြတာပေါ့လေ...
ရထားတွဲ ၁ တွဲလုံးနီးနီး သူတို့အဖွဲ့နဲ့ဘဲ ပြည့်နေတာပေါ့...
ရထားလည်း တစ်ဘူတာဝင် တစ်ဘူတာထွက်နဲ့ တစ်နေကုန် ခရီးဆက်ရင်း နောက်ဆုံး မန်းလေးဘူတာကြီး ရောက်လာပြီပေါ့..
သူတို့တွေကတော့ အတွေးကိုယ်စီနဲ့ ဘုရားဖူးရတော့မယ်ဆိုပြီး အရမ်းပျော်နေကြတာ...  :)


မန်းလေးဘူတာကြီးမှာက သိတဲ့အတိုင်း အရင်တုန်းက စားစရာအမျိုးမျိုးကို ဈေးသည်တွေက သူ့ထက်ငါ အပြိုင်အဆိုင် အော်ဟစ်ရောင်းနေကြတာပေါ့... 

< ... Read more »

Views: 1234 | Added by: sweetymelody | Date: 2008-12-08 | Comments (0)

တစ်လွဲတစ်ချော် ဖြစ်ခဲ့ဖူးတဲ့ အမှားအယွင်းလေးတစ်ခုပါ...
ရယ်စရာ ဟာသလေးတစ်ခုအနေနဲ့ share ချင်လို့ပါ.. အဲဒီတုန်းက ၇တန်းကျောင်းသူပေါ့...
အတန်းထဲမှာ အမြဲတစ်လွဲတစ်ချော် လုပ်ပြီဆို ဘယ်သူလဲဆိုတာ နာမည်တောင် မေးစရာမလိုပါဘူး...

တစ်နေ့ အတန်းထဲမှာ အင်္ဂလိပ်ဆရာမက စာသင်နေရင်းနဲ့ စာမေးပါတော့တယ်...
ခွေးဟောင်တာကို အင်္ဂလိပ်လို ဘယ်လို အသံထွက်လဲဆိုတော့ ဘယ်သူမှ မဖြေခင် ဦးအောင် bark လို့ အော်လိုက်ပါတယ်...
ဟုတ်လှပြီပေါ့.... နောက်တစ်ခါ ကြက်အော်တာရော "the cock" ဆိုတော့ crow ပေါ့...
ဒါလည်း ဟုတ်ပြီပေါ့... နောက်တစ်ခါကျ တော့ ကြောင်အော်တာရော ဆိုပြီး ဆရာမက "the cat" လို့ပြောတော့...
အားရပါးရ အကျယ်ကြီး အော်လိုက်မိပါတယ်... "ညောင်" လို့...

ပီပြင်လား မပီပြင်လားတော့ မသိဘူး.... ဆရာမ အပါအ၀င် တစ်တန်းလုံး ပါးစပ် အဟောင်းသားနဲ့ ကြောင်သွားကြပြီး
ကိုယ့်ကို ၀ိုင်းကြည့်နေတော့ ဘာကြည့်တာလဲဆိုတဲ့ အကြည့်နဲ့ သူတို့ကိုတောင် ပြန်ကြည့်လိုက်ပါသေးတယ်...
နောက်တော့မှ သူတို့က အရမ်းရယ်ကြပါတော့တယ်..

... Read more »

Views: 1124 | Added by: sweetymelody | Date: 2008-12-08 | Comments (0)