ငယ်ငယ်တုန်းက ကျွန်မတို့ကို အဘွားပြောပြဖူးတဲ့ ဘာသာစကားကြောင့် ဖြစ်ရတဲ့
အလွဲလေးတစ်ခုကို share ချင်လို့ပါ...
အဘွားကိုယ်တိုင်လည်း မြန်မာစကားကို လေးလုံးကွဲအောင်တော့
မပြောတတ်ပါဘူး... :) ဒါပေမယ့် အဘွားပြောတာကို နားထောင်ပြီးတော့ ရယ်ရတာပေါ့နော် ဒီပုံပြင်လေးကို တစ်ယောက်က ရေးဖူးတော့ ရယ်စရာစာစောင်မှာတော့
တစ်ခါပါဖူးပါတယ်...
တစ်ခါတုန်းက ရှမ်းပြည်ဘက်က ရှမ်းတိုင်းရင်းသားတချို့ အုပ်စုလိုက်
အထက်မြန်မာပြည်ဘက်ကို ရထားနဲ့ ဘုရားဖူးခရီးထွက်ကြတာပေါ့လေ...
ရထားတွဲ ၁ တွဲလုံးနီးနီး သူတို့အဖွဲ့နဲ့ဘဲ ပြည့်နေတာပေါ့...
ရထားလည်း တစ်ဘူတာဝင် တစ်ဘူတာထွက်နဲ့ တစ်နေကုန် ခရီးဆက်ရင်း နောက်ဆုံး
မန်းလေးဘူတာကြီး ရောက်လာပြီပေါ့..
သူတို့တွေကတော့ အတွေးကိုယ်စီနဲ့ ဘုရားဖူးရတော့မယ်ဆိုပြီး
အရမ်းပျော်နေကြတာ... :)
မန်းလေးဘူတာကြီးမှာက သိတဲ့အတိုင်း အရင်တုန်းက စားစရာအမျိုးမျိုးကို ဈေးသည်တွေက သူ့ထက်ငါ အပြိုင်အဆိုင်
အော်ဟစ်ရောင်းနေကြတာပေါ့...
ခုတော့ မသိဘူးနော်. :) အရင်က ပြောတာ အဲဒီမှာ ဇာတ်လမ်းက စတာပါဘဲ... မလိုင်လုံးရောင်းတဲ့ ဈေးသည်လေးက အားကျိုးမာန်တက်နဲ့ ~~~မလိုင်လုံး သုံးလုံးတစ်မတ်~~~ မလိုင်လုံး သုံးလုံးတစ်မတ်~~~ လို့ဆိုပြီး အော်ရောင်းနေတာပေါ့။ အဲဒီအော်သံ သူတို့ရထားတွဲနားကို အရောက် အဲဒီရှမ်းတိုင်းရင်းသားအုပ်စုမှာ ကြောက်ရွံ့နေကြပုံနဲ့ ရထားပေါ်မှာ ထိုင်နေရာမထ တုပ်တုပ်မလှုပ်
မဆင်းဘဲနေနေတာ...
ဘာကြောင့်လဲလို့ ဆန်းစစ်ကြည့်လိုက်တော့.. လားလား..အကြောင်းမူကား.... မလိုင်လုံးသုံးလုံးတစ်မတ်ကို... သူတို့နားထဲမှာ ကြားယောင်သည်ကား
~~~မလိုင်လုံး ပိုးလုံးတီမတ်~~~ ဆိုသတည်း...
မလိုင်လုံး ပိုးလုံးတီမတ် ဆိုတာ ရှမ်းဘာသာစကားဆိုရင် ~~မဆင်းရ၊
ဆင်းလျှင်ဖမ်းမည်~~ ဖြစ်လေသတည်း.. :)
ဒါလည်း ဖြစ်တတ်ပါတယ်နော် :)
|