Thursday, 2024-05-16, 7:14 PM
Nang Way

 Blog

Site menu
Login form
Calendar
«  December 2008  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
28293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Tag Board
Main » 2008 » December » 8 » ဒီလိုလည်း ဖြစ်တတ်ပါတယ် :)
ဒီလိုလည်း ဖြစ်တတ်ပါတယ် :)
3:41 AM
တစ်လွဲတစ်ချော် ဖြစ်ခဲ့ဖူးတဲ့ အမှားအယွင်းလေးတစ်ခုပါ...
ရယ်စရာ ဟာသလေးတစ်ခုအနေနဲ့ share ချင်လို့ပါ.. အဲဒီတုန်းက ၇တန်းကျောင်းသူပေါ့...
အတန်းထဲမှာ အမြဲတစ်လွဲတစ်ချော် လုပ်ပြီဆို ဘယ်သူလဲဆိုတာ နာမည်တောင် မေးစရာမလိုပါဘူး...

တစ်နေ့ အတန်းထဲမှာ အင်္ဂလိပ်ဆရာမက စာသင်နေရင်းနဲ့ စာမေးပါတော့တယ်...
ခွေးဟောင်တာကို အင်္ဂလိပ်လို ဘယ်လို အသံထွက်လဲဆိုတော့ ဘယ်သူမှ မဖြေခင် ဦးအောင် bark လို့ အော်လိုက်ပါတယ်...
ဟုတ်လှပြီပေါ့.... နောက်တစ်ခါ ကြက်အော်တာရော "the cock" ဆိုတော့ crow ပေါ့...
ဒါလည်း ဟုတ်ပြီပေါ့... နောက်တစ်ခါကျ တော့ ကြောင်အော်တာရော ဆိုပြီး ဆရာမက "the cat" လို့ပြောတော့...
အားရပါးရ အကျယ်ကြီး အော်လိုက်မိပါတယ်... "ညောင်" လို့...

ပီပြင်လား မပီပြင်လားတော့ မသိဘူး.... ဆရာမ အပါအ၀င် တစ်တန်းလုံး ပါးစပ် အဟောင်းသားနဲ့ ကြောင်သွားကြပြီး
ကိုယ့်ကို ၀ိုင်းကြည့်နေတော့ ဘာကြည့်တာလဲဆိုတဲ့ အကြည့်နဲ့ သူတို့ကိုတောင် ပြန်ကြည့်လိုက်ပါသေးတယ်...
နောက်တော့မှ သူတို့က အရမ်းရယ်ကြပါတော့တယ်..

ပြီးတော့ သူငယ်ချင်းတွေက
ငါတို့အိမ်က ကြောင်လေးက ဒီရောက်နေတာကိုး ဆိုတော့မှ...
ခပ်တည်တည်နဲ့ ငါဘာမှားလို့လဲပေါ့... ပြီးတော့မှ စဉ်းစားမိပြီး
ငါတော့သွားပြန်ပြီပေါ့.... :P

အမှန်ကတော့ အဖြေမှန်ကို သိပါတယ်... ဒါပေမယ့် ဘာဖြစ်သွားမှန်းလည်း မသိ
အင်္ဂလိပ်စာကလည်း မတတ်တခေါက်နဲ့.. ပြီးတော့ သူများထက်လည်းဦးအောင် ဖြေချင်ဆိုတော့
လောလောနဲ့အားလုံးရောသွားပြီး
နောက်ဆုံး mews   လို့ အသံထွက်ရမှာကို "ညောင်" ဖြစ်သွားလေသတည်းပေါ့.. :P
အဲဒီကစလို့ ကျောင်းနေဖက် သူငယ်ချင်းတွေတွေ့တိုင်း "ညောင်" ဆိုတာက အမည်ကို
တွင်သွားတော့တာပါဘဲ...
သြော်...ဒီတစ်ခါလည်း မှားပေမပေါ့...  :)
Views: 1071 | Added by: sweetymelody | Rating: 4.0/1 |
Total comments: 0
Name *:
Email *:
Code *: